Union Peace Conference 21st Century Panglong (Second Session)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံညီလာခံ (ဒုတိယအကြိမ်အစည်းအဝေး) အားမြန်မာနိုင်ငံစာရေးဆရာအသင်းက ကြိုဆိုထောက်ခံ
တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ညီညွတ်မှု၊ သဘောထားကြီးမှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ငြိမ်းချမ်းရေးရနိုင်မယ်
==============================================
နေပြည်တော် မေ ၂၆
မြောက်ပိုင်းအဖွဲ့များ အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံသို့ တက်ရောက်ခြင်း သည် တိုက်ပွဲများ ရပ်စဲရန်အတွက် ယုံကြည်မှုဖြင့် စတင်၍ ခြေလှမ်းခြင်းဖြစ် ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် သွားရောက်တွေ့ဆုံခဲ့သည့် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အတွင်းရေးမှူး တာပန်လှက မီဒီယာများအား ပြောကြားသည်။
ထိုးစစ်တွေရုပ်သိမ်းဖို့လို
နေပြည်တော် မေ ၂၆
ပည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး)သို့ အတည်ပြုရန်တင်သွင်းမည့် နိုင်ငံရေး ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ၊ လုံခြုံရေးကဏ္ဍ ငါးခုနှင့်စပ်လျဉ်း၍ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း ရှစ်¸မှ ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)က Horizon Lake View ဟိုတယ်၌ ယနေ့ မွန်းလွဲပိုင်းတွင် သီးခြားဆွေးနွေးခဲ့သည်။