Announements
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ-UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့၏ သဘောထားထုတ်ပြန်ချက်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် သတင်းရယူကြမည့် ပြည်တွင်း/ပြည်ပ မီဒီယာများ သိရှိနိုင်စေရန် အောက်ပါအတိုင်း အသိပေးအပ်ပါသည်-
(၁) မီဒီယာသမားများ တည်းခိုနေထိုင်ရေး Sky Palace Hotel တွင် စီစဉ်ထားရှိပါသည်။
(၂) ညီလာခံ ဖွင့်ပွဲ/ ပိတ်ပွဲ တွင် သတင်းရယူနိုင်ရေးနှင့် သတင်းစာရှင်းလင်းပွဲများတွင် သတင်းရယူနိုင်ရေး Sky Palace Hotel မှ MICC 2 သို့ ပို့/ကြို ကား(၂)စီး စီစဉ်ထားရှိပါသည်။ ( ပို့/ကြို အချိန်များအား ထပ်မံ အသိပေးသွားမည်ဖြစ်ပါသည်။)
သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဆိုင်ရာလုပ်ငန်းကော်မတီ
အစိုးရအစုအဖွဲ့နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့မှ ညီလာခံကိုယ်စားလှယ်အဖြစ် ဖိတ်ကြားထားသော ပါဝင်သင့် ပါဝင်ထိုက်သူများနှင့် တိုင်းရင်းသားကိုယ်စားလှယ်များအတွက် ခရီးစရိတ်ကို အောက်ပါအတိုင်း NRPC မှ ပြန်
လည်ထုတ်ပေးမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်-
မှတ်ချက် - နေရာထိုင်ခင်းကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကျေးရွာ၊ တည်းခိုဆောင်များတွင် စီစဉ်ထားရှိပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ ဒုတိယအစည်းအဝေး သို့ လေ့လာသူအဖြစ် သတ်မှတ်အချိန်ကာလအတွင်း သတ်မှတ်ပုံစံများဖြင့်လျှောက်ထားသူများအနက် စည်းမျဉ်းစည်းကမ်းနှင့် အညီ ရွေးချယ်ခြင်းခံရသူ “လေ့လာသူများ” ထံ အီးမေးလ်မှတစ်ဆင့် ပြန်ကြားသွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
(မေလ ၂၂ နှင့် ၂၃ ရက်နေ့များတွင် NRPC နေပြည်တော်ရုံးမှ
ဦးအောင်ဇော်မိုး (ဖုန်း-ဝ၉၉၆၉၇၆၉၃၈၄)ထံသို့
ဆက်သွယ်၍ ဖိတ်စာများနှင့် ဝင်ခွင့်ကတ်ပြားများ ထုတ်ယူကြပါရန်။)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး သို့ လာရောက် သတင်းရယူရန် မှတ်ပုံတင်စာရင်း ပြုလုပ် ထားသော ပြည်တွင်း/ပြည်ပ သတင်းထောက်များအနေဖြင့် ဝင်/ထွက်ခွင့်ကတ်များအား ၂၃-၅-၂၀၁၇ ရက်နေ့ (အင်္ဂါနေ့) နံနက် (၁၀းဝ၀)နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမကြီး (မြေညီထပ်) ၌ ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဆိုင်ရာလုပ်ငန်းကော်မတီ
နေပြည်တော် မေ ၁၀
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံ ဒုတိယအစည်း အဝေးကို မေလ (၂၄) ရက် တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) (MICC-2) ၌ ကျင်းပသွားမည် ဖြစ်ပါသည်။