NRPC နှင့် NCA-NS EAO (၈)ဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပူးတွဲထုတ်ပြန်ကြေညာချက်

NRPC နှင့် NCA-NS EAO (၈)ဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပူးတွဲထုတ်ပြန်ကြေညာချက်

Thu, 03/21/2019 - 15:06
Posted in:
0 comments

NRPC နှင့် NCA-NS EAO (၈) ဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ

ပူးတွဲထုတ်ပြန်ကြေညာချက်

(၂၀၁၉ ခုနှစ်၊ မတ်လ ၂၁ ရက်)

 

၁။ NRPC နှင့် NCA-NS EAO (၈)ဖွဲ့ ကိုယ်စားလှယ်များ သည် ၂၀၁၉ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် နေပြည်တော်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေးဗဟိုဌာန၌ တွေ့ဆုံ ခဲ့ကြပါသည်။

၂။ တွေ့ဆုံရာတွင် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တန်းတူရည်တူ၊ ရင်းရင်းနှီးနှီးနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့ကြပါသည်။

၃။NRPC နှင့် NCA-NS EAO (၈) ဖွဲ့ သည် ရေရှည်တည်တံ့ခိုင်မြဲသော အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကိုရှေးရှု၍ အောက်ပါအတိုင်း ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားကြရန် သဘောထားစုစည်းခဲ့ကြပါသည်-

 

(က) လက်ရှိ ဖြစ်ပွားနေသော လက်နက်ကိုင်တိုက်ပွဲများ လျှော့ချနိုင်ရေးအတွက် ဆက်လက်ညှိနှိုင်းကြိုးပမ်းကြရန်။

(ခ) တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းမှုကိုထိန်းသိမ်းနိုင်ရေးအတွက် ဆက်လက် ညှိနှိုင်း ကြိုးပမ်းကြရန်။

(ဂ) ဒေသဖွံ့ဖြိုးရေးနှင့် ဒေသခံ ပြည်သူများအရေးအတွက် နှစ်ဖက်လုံးက အလေးထား ဆောင်ရွက်ကြရန်။

(ဃ)  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးအတွက် အရင်းခံ အကြောင်းတရားဖြစ်သည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်း ဖြေရှင်းကြရန်။

(င) နှစ်ဖက်အဆုံးအဖြတ်ပေးနိုင်သည့်ပုဂ္ဂိုလ်များပါဝင်သောတွေ့ဆုံဆွေးနွေးမှုများ မကြာခဏဆက်လက် ပြုလုပ်သွားရန်။

 

 

 

 

Related Articles