“ဝ” အထူးဒေသ (၂) ၏ ငြိမ်းချမ်းရေးနှစ် (၃၀) ပြည့် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဦးဆောင်သော အစိုးရကိုယ်စားလှယ်အဖွဲ့ တက်ရောက်ရန်ထွက်ခွာ

“ဝ” အထူးဒေသ (၂) ၏ ငြိမ်းချမ်းရေးနှစ် (၃၀) ပြည့် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဦးဆောင်သော အစိုးရကိုယ်စားလှယ်အဖွဲ့ တက်ရောက်ရန်ထွက်ခွာ

Thu, 04/18/2019 - 09:46
Posted in:
0 comments

ပန်ဆန်း၊ ဧပြီ ၁၆

 

ဧပြီ ၁၇ ရက်နေ့တွင် ကျရောက်မည့် “ဝ အထူးဒေသ (၂) ၏ ငြိမ်းချမ်းရေးနှစ် (၃၀) ပြည့် အခမ်းအနားသို့ တက်ရောက်ရန် အတွက် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ၊ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေး ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်အကြံပေး ဦးမိုးဇော်ဦးတို့ပါဝင်သည့် အဖွဲ့သည်ယနေ့နံနက် ၆ နာရီခွဲက ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်မှတဆင့် ကျိုင်းတုံလေဆိပ်သို့ ထွက်ခွာခဲ့ကြသည်။ ကျိုင်းတုံလေဆိပ်မှ တဆင့် ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာရာ နံနက် ၉ နာရီ ၄၀ မိနစ်တွင် ” အထူးဒေသ(၂) ပန်ဆန်းမြို့ သို့ ရောက်ရှိကြပြီး ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ များဖြစ်ကြသည့် ဦးကျောက်ကော်အန်း နှင့် ဦးပေါက်ယူရိ၊ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ၏ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် ဦးရှောက်မီလျန်၊ ဗဟိုရုံးအုပ် ဦးအောင်မြင့် ၊ လယ်ယာ ဆည်မြောင်း နှင့် စိုက်ပျိုးရေး ဌာနအကြီးအမှူး ဦးလောရာခု၊ နိုင်ငံရေးဌာနအကြီးအမှူး ဦးရင်ဆန်းပိင်၊ မိုင်းမောခရိုင်အတွင်းရေးမှူး ဦးစိုက်ပေါင်းနှင့် “ဝ အထူးဒေသ ၄၆၈ တပ်မဟာမှူး ဦးပေါက်အိုက်ပန်း တို့က ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့အား ပြည် သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးပေါက်ယူချန်းနှင့်အဖွဲ့သည် ပန်ဆန်းမြို့ အထူးဒေသ(၂) ရုံးဧည့်ခန်းမ၌ တွေ့ဆုံသည်။ ထို့သို့တွေ့ဆုံရာတွင် ဦးပေါက်ယူချန်းက ယခုကဲ့သို့ နိုင်ငံတော်အစိုးရကိုယ်စားလှယ်များ အနေဖြင့် ပန်ဆန်းကို လာရောက်သည့်အပေါ် ဝမ်းသာကြိုဆိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပန်ဆန်းသို့ ကိုယ်တိုင် တက်ရောက်ခြင်းမပြုနိုင်သော်လည်း စာသဝဏ်လွှာ ပါးလိုက်ကြောင်း၊ ဒေသ အောင်မြင် တိုးတက် ပါစေကြောင်း၊ နိုင်ငံတော်အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အတူတကွ တည်ဆောက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံးအောင်မြင် ပါစေကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က မိမိတို့နိုင်ငံ၏ နှစ်သစ်ကူးကာလနှင့် အတူ တထပ်တည်းကျရောက်နေသည့် ဒေသ၏ နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေး အခမ်းအနားကို လာရောက် ပူးပေါင်းဆောင်ရွက်ရသည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း၊ ဒေသအတွင်း အနှစ် ၃၀ လုံး ကျည်ဆံ တစ်တောင့်မျှမထွက်ပဲ ငြိမ်းချမ်းရေးကို တည်ဆောက် ထိန်းသိမ်းနိုင်ခဲ့သည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ စွမ်းရည်အပေါ် အသိအမှတ်ပြုလေးစား ပါကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးကို လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖော်ဆောင်၍မရ ၊ ညီအစ်ကိုစိတ်ဓာတ်ဖြင့် ဖော်ဆောင်၍သာ ရနိုင်မည်ဟူသည့် ခိုင်မာသည့် စိတ်ဓာတ်ကို ထောက်ခံပါကြောင်း၊  ဒေသအတွက် လိုလားချက်နှင့် တောင်းဆိုချက်များကို ဒီမိုကရေစီ ဖက်ဒရယ် တည်ဆောက်ရန် နိုင်ငံရေးနည်းဖြင့် တစ်ဆင့်ချင်း ညှိနှိုင်းဆွေးနွေးနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် ဖိတ်ခေါ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့အား ” ကိုယ်ပိုင်အုပ်ခွင့်ရဒေသ၏ တာဝန်ရှိသူများက နားလော့ရိပ်သာတွင် နေ့လည်စာဖြင့် တည့်ခင်းဧည့်ခံခဲ့ကြသည်။

 

 

Related Articles