အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ကချင်ဒေသစစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ(KHCC)တို့၏ သဘောတူညီချက်

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ကချင်ဒေသစစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ(KHCC)တို့၏ သဘောတူညီချက်

Fri, 04/26/2019 - 15:14
0 comments

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့်

ကချင်ဒေသစစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ(KHCC)တို့၏

သဘောတူညီချက်

(၂၆-၄-၂၀၁၉ ရက်၊ NRPC ၊ နေပြည်တော်)

 

၁။         IDP များ အနေဖြင့် ဂုဏ်သိက္ခာရှိရှိဖြင့် ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ရေးနှင့် ပြန်လည် နေရာချထားရေးအတွက် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု မူဝါဒနှင့် စံချိန်စံညွှန်း များကို အခြေခံ၍ NRPC ကချမှတ်သည့် မူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုKHCC မှအတူတကွ ပူးပေါင်းဆောင်ရွက်ရန်။

 

၂။         IDP များ နေရပ်ပြန်ရေး၊ ပြန်လည်နေရာချထားရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အဖွဲ့အစည်း (Stakeholder)များအကြား ညှိနှိုင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့ရေး ပံ့ပိုးကူညီရန်။

 

၃။         IDP များ စားဝတ်နေရေး၊ နေရပ်ပြန်ရေး၊ ပြန်လည်နေရာချထားရေး၊ မူလအသက်မွေး ဝမ်းကျောင်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် KHCC က လိုအပ်သလို ချိတ်ဆက် ညှိနှိုင်း ပံ့ပိုးကူညီရန်။

 

၄။         မိမိနေရပ်ပြန်ရေးနှင့် ပြန်လည်နေရာချထားရေး အလားအလာကောင်းမွန်သည့် IDP Camp များရွေးချယ်ရေး၊ ရှေ့ပြေးအစီအစဉ် Pilot Program များရွေးချယ်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်ရန်။

 

၅။        IDP များ နေရပ်ပြန်ရေး၊ ပြန်လည်နေရာချထားရေးဆောင်ရွက်ရာတွင် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် KIO/KIA နှင့် ညှိနှိုင်းရန် လိုအပ်သည့်ကိစ္စရပ်များတွင် KHCC ကတာဝန်ယူဆောင်ရွက်ရန်။

 

Related Articles