မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက် အကောင်အထည်ဖော်ရန် ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ်တို့တွေ့ဆုံ

မူဆယ် ဧပြီ ၃၀

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်များဖြစ်ကြသည့် ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌဦးသိန်းဇော် ၊ ငြိမ်းချမ်းရေး ကော်မရှင်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦး ၊ ငြိမ်းချမ်းရေးကော်မရှင်အကြံပေး ဦးလှမောင်ရွှေ ၊ နိုင်ငံတော် အတိုင်ပင် ခံရုံးဝန်ကြီးဌာန ညွန်ကြား ရေးမှူးချုပ် ဦးဇော်ဋ္ဌေး နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာ အထူး ကိုယ်စားလှယ် H.E Mr. Sun Guoxiang ဦးဆောင်သော အဖွဲ့တို့သည် ယနေ့နံနက် ၇ နာရီ ခွဲက ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ ရွှေလီရတနာဧည့်ရိပ်သာခန်းမတွင် တွေ့ဆုံခဲ့ကြသည်။

ထို့သို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များနှင့် တရုတ်နိုင်ငံမှ ပံ့ပိုးကူညီမှု ပေးနိုင်မည့် အခြေအနေများ၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ NCA တွင် ပါဝင်လက်မှတ်ရေးထိုးရေးဆိုင်ရာ ကိစ္စရပ်များ ၊ KIO၊ MNTJP ၊ ULA ၊ PSLF တို့နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Bilateral Ceasefire Agreement) ရေးထိုးရေး ညှိနှိုင်းဆွေးနွေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။