အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ကယားပြည်နယ်အစိုးရအဖွဲ့နှင့်ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့၏ ညှိနှိုင်းအစည်းအဝေး သဘောတူညီချက်များရရှိ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ကယားပြည်နယ်အစိုးရအဖွဲ့နှင့်ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့၏ ညှိနှိုင်းအစည်းအဝေး သဘောတူညီချက်များရရှိ

လွိုင်ကော် မေ ၆

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ကရင်နီအ မျိုး သား တိုး တပ်ရေးပါတီ (KNPP) တို့၏ ညှိနှိုင်းအစည်းအဝေးတွင် အချိန်ယူဆွေးနွေးနိုင်၍ သဘောတူညီချက်များ ရရှိခဲ့ကြောင်းငြိမ်းချမ်းရေးကော်မရှင်အကြံပေး ဦးလှမောင်ရွှေထံမှ သိရသည်။

NRPC ကိုယ်စားလှယ်အဖွဲ့၊ကယားပြည်နယ် အစိုးရနှင့် KNPP တို့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀ နာရီက ကယားပြည်နယ် လွိုင်ကော်မြို့ရှိ   Famous Hotel တွင်  ကျင်း ပခဲ့သည်။

သဘောတူညီချက်များ အဖြစ်ကယားပြည်နယ်အစိုးရ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့်ပြည်နယ်အဆင့် လစဉ်ပုံမှန် အစည်းအဝေးကျင်း ပခြင်း ဆိုင်ရာ လုပ်ငန်းလမ်းညွှန်ကိုအတည်ပြုခြင်း၊ KNPP အနေဖြင့်ဆောင်ရွက်လိုသည့် စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို ပြည်နယ်အစိုးရနှင့် ငြိမ်းချမ်းရေးကော်မရှင်တို့မှတစ်ဆင့် အဆိုပြုတင်ပြရန်၊ KNPP အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စရပ်များအားငြိမ်းချမ်းရေးကော်မရှင်သို့ ဆက်သွယ်ဆောင်ရွက်ရန်၊ ပြည်နယ်မှ ဆောင်ရွက်မည့် ကျန်းမာရေးနှင့် စပ်လျဉ်းသည့်အရာများကို အသေးစိတ်ဆွေးနွေးရန်နှင့်Education Seminar ကျင်းပပြုလုပ်ရေးအပါအဝင် ပညာရေးနှင့် စပ်လျဉ်း၍ပြည်နယ်အဆင့် ပုံမှန်အ စည်း အဝေးများတွင် ဆွေး နွေး ရန်နှင့် ပူး ပေါင်း ဆောင်ရွက်မည့်် လုပ်ငန်းစဉ်များကို သဘောတူညီခဲ့ကြကြောင်း သိရသည်။

“၂၀၁၉ မတ်လတုန်းက နေပြည်တော်မှာလုပ်ခဲ့တဲ့ အစည်းအဝေးနောက်ဆက်တွဲအကြောင်းအရာတွေကို အဓိက ဆွေးနွေးဖြစ်တယ်။ သူတို့KNPP ဘက်လည်း ၁၁ ယောက်လောက်လာပြီး အချိန်ယူဆွေးနွေးတော့ တော်တော်လေး ကျေနပ်တယ်၊ အားရတယ်။ NCA ကိုဘယ်တော့ထိုးနိုင်မှန်းမသိပေမယ့် ယုံကြည်မှုကို တည်ဆောက် နိုင်ရင် အမြန်ဆုံးထိုးနိုင်မှာပါ။ တပ်ပိုင်းဆိုင်ရာကတော့ လွိုင်ကော်ဒေသ ကွပ်ကဲရေးမှူးတက်တယ်။ အဲ့ဒါကတော့ သီးခြားဆွေးနွေးမှာ။ နေပြည်တော်မှာလည်း သူတို့ လာဆွေးနွေးဦးမှာ။ယုံကြည်မှုတည်ဆောက်တာကတော့ အဓိကပါပဲ” ဟု ငြိမ်းချမ်းရေးကော်မရှင်အကြံပေး ဦးလှမောင်ရွှေက ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) လက်မှတ်ရေးထိုးနိုင်ရေးအတွက်အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့်ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့သည် ယခုမေလနောက်ဆုံးပတ်တွင် တွေ့ဆုံကြမည်ဖြစ်သည်။

ဦးလှမောင်ရွှေက “NCA စာချုပ်လက်မှတ် ရေးထိုးနိုင်ရေးအတွက်ကျွန်တော်တို့NRPC နဲ့ KNPP နေပြည်တော်မှာ တွေ့ဖို့ရှိပါတယ်။ ဒီလမကုန်ခင်တွေ့ဖို့တော့ ကျွန်တော်တို့ကပြောထားပါတယ်” ဟုဆိုသည်။

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်မရေးထိုးခင်အချိန်တွင် ပြည်နယ်အတွင်းတည်ရှိနေသည့် အခြေအနေအပေါ်KNPP ဘက်မှ ပူးပေါင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းအချို့တွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး တပ်ပိုင်းဆိုင်ရာကိစ္စကိုတပ်ပိုင်းဆိုင်ရာ အကြီးအကဲများနှင့်သီးခြားဆွေးနွေးသွားရန် စဉ်းစားထားကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယနေ့အစည်းအဝေးသို့  အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စားလှယ် ခေါင်းဆောင်အဖြစ် ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)နှင့် အဖွဲ့ဝင်များ၊ ကယားပြည်နယ် ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုနှင့် ပြည်နယ်ဝန်ကြီးများ၊ လွိုင်ကော်ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မျိုးသန့်နိုင်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီးကရင်နီအမျိုးသားတိုးတက်ရေးပါတီ  (KNPP) ခေါင်းဆောင်အဖြစ် KNPPဒုတိယဥက္က္ကဋ္ဌ ခူဦးရယ်နှင့် အမြဲတမ်းဗဟိုကော်မတီဝင်များနှင့် အရန်ဗဟိုကော်မတီဝင်များ တက်ရောက် ခဲ့ကြသည်။