ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးစီးအဖွဲ့ နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်း တို့ တွေ့ဆုံ

ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးစီးအဖွဲ့ နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်း တို့ တွေ့ဆုံ

Thu, 06/27/2019 - 11:58
Posted in:
0 comments

ရန်ကုန် ဇွန် ၂၆

 

ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ငြိမ်းချမ်းရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦး၊ အကျိုးတော်ဆောင် ဦးသက်နိုင်တို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်မစ္စတာ စွန်းဂေါ်ရှန်း ဦးဆောင်သောအဖွဲ့တို့သည် ယနေ့နံနက် ၉ နာရီကရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC))တွင် တွေ့ဆုံကြသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာများ၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာများ၊ KIO (ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့)၊ MNTJP (မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ)၊ PSLF (ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး)၊ ULA  (ရခိုင်အမျိုးသားအဖွဲ့ချုပ်)တို့နှင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Bilateral Ceasefire Agreement) လက်မှတ်ရေးထိုးရေး ညှိနှိုင်းဆွေးနွေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

Related Articles