ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီဥက္ကဋ္ဌ နှင့် ICRC ၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံ

ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီဥက္ကဋ္ဌ နှင့် ICRC ၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံ

Thu, 05/21/2020 - 16:32
Posted in:
0 comments

ရန်ကုန် မေ၂၀

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းနှင့် ကော်မတီဝင်များ၊ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေး အဖွဲ့ဝင်များနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ(ICRC)၏ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် Mr. Stephan Sakalian တို့သည် ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေးကိစ္စတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Related Articles