အစိုးရနှင့် NCA-S EAO ကိုယ်စားလှယ်များ၏ ဆဋ္ဌမအကြိမ် အလုပ်အဖွဲ့ အစည်းအဝေး ဆက်လက်ကျင်းပ

အစိုးရနှင့် NCA-S EAO ကိုယ်စားလှယ်များ၏ ဆဋ္ဌမအကြိမ် အလုပ်အဖွဲ့ အစည်းအဝေး ဆက်လက်ကျင်းပ

Thu, 07/30/2020 - 10:21
Posted in:
0 comments

 

                                                        

ရန်ကုန် ဇူလိုင် ၂၉

အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (NCA-S EAO)  ကိုယ်စားလှယ်များ၏ ဆဋ္ဌမအကြိမ် အလုပ်အဖွဲ့ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ ဆက်လက် ကျင်းပသည်။

       

ယနေ့အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(အငြိမ်းစား)၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို()ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော် မရှင် အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး NCA-S EAO ကိုယ်စားလှယ်များအဖြစ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်စဝ်စိုင်းငင်း၊ ညှိနှိုင်းရေးမှူးဦးမျိုးဝင်း၊ ညှိနှိုင်းရေး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှဌေး၊ စောမြရာဇာလင်း၊ ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဆလိုင်းထလာဟေး၊ စောစိန်ဝင်း၊ ပဒိုစောတာဒိုမူး၊ ပဒိုစောအယ် ကလူစေး၊ ကြာဆော်လမွန်၊ နိုင်အောင်မငေး၊ ဒေါက်တာစိုင်းဦးနှင့် ခွန်မြင့်ထွန်းတို့ တက်ရောက် ကြသည်။

        

အစည်းအဝေး၌ ဇူလိုင် ၂၇ ရက်တွင် ဆွေးနွေးခဲ့ကြသည့် () ကြိမ်မြောက် JICM အစည်း အဝေး ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးအတွက် NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက်ရှေ့ လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ အခြေခံမူ သဘောတူညီ ချက်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးဆိုင်ရာ အခင်းအကျင်း၊ ညီလာခံမတိုင်မီ ဆက်စပ် အစည်းအဝေးများ ကျင်းပရေးအတွက် ပြင်ဆင်မှု နှင့် ရှေ့လာမည့်ညှိနှိုင်းအစည်းအဝေးရလဒ်များကို UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့မှ ကိုယ်စားလှယ်များအား ထပ်မံရှင်းလင်းတင်ပြရေး တို့ကို ဆွေး နွေး ခဲ့ကြသည်။

 

NCA-S EAO NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် စဝ်စိုင်းငင်းက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ပြီးခဲ့တဲ့ မိမိတို့ နှစ်ဖက်ညှိနှိုင်းအစည်းအဝေး မှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း-၃ ရဲ့ အကြောင်းအရာတွေထဲက သဘောမတူ သေးတဲ့အချက်တွေကို ဒီအစည်းအဝေးမှာ ဆွေးနွေးညှိနှိုင်းခဲ့တယ်။ အဓိကအရေးပါတဲ့ သဘောတူညီချက်များကိုလည်း ထပ်မံရရှိခဲ့ပါတယ်။ ဒါတွေဟာ တိုးတက်မှုပဲဖြစ်ပါတယ်။ လာမယ့်ပြည် ထောင်စုငြိမ်းချမ်း ရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပရေးဆိုင်ရာ အခင်း အကျင်း ကို အသေးစိတ်ဆွေးနွေးနိုင်ခဲ့ပြီး ဆောင်ရွက်သွားမယ့်အစီအစဉ်တွေကို ညှိနှိုင်းနိုင်ခဲ့သလို ဆက်စပ်အစည်းအဝေးများ ကျင်းပရေးအတွက် ပြင်ဆင်မှုတွေကို ဆောင်ရွက်သွားဖို့ ဆွေးနွေးနိုင်ခဲ့ပါ တယ်။

 

မိမိတို့နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေရဲ့ လာမယ့်ဆွေးနွေးညှိနှိုင်းအစည်းအဝေး ရလဒ်တွေကို UPDJC နိုင်ငံရေးပါတီအစုအဖွဲ့တွေကို ထပ်မံရှင်းလင်းတင်ပြနိုင်ရေးအတွက် ဒီအစည်းအဝေးမှာ သဘော ထား ချမှတ်နိုင်ခဲ့ပါတယ်။ ဆွေးနွေးဖို့ကျန်ရှိတဲ့အချက်တွေကို လာမယ့် သတ္တမအကြိမ်မြောက် အစိုးရနဲ့ NCA-S EAO နှစ်ဖက်ညှိနှိုင်းရေးအစည်းအဝေးမှာ ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါ တယ်။ ဒီအစည်းအဝေးကရရှိတဲ့ အစည်းအဝေးရလဒ်တွေကို JICM အကြိုပြင်ဆင်ခြင်း အစည်းအဝေးနဲ့ JICM အစည်းအဝေးမှာ အပြီးသတ် သဘောတူညီချက် အတည်ပြုပေးဖို့ ဆက်လက် သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။

 

အားလုံးကျေနပ်လက်ခံတဲ့၊ ပြီးပြည်စုံတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း() ချုပ် ဆိုနိုင်ရေး၊ အနှစ်သာရပြည့်ဝတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ် ချောမွေ့စွာ ရှေ့ဆက်ချီတက်သွား နိုင်ရေးတို့အား ဦးတည်ပြီး ဒီညှိနှိုင်းအစည်းအဝေးမှာ ဝိုင်းဝန်းကြိုးပမ်း ဆွေးနွေးပေးကြတဲ့အတွက် မိမိအနေနဲ့ နှစ်ဖက်ခေါင်းဆောင်များကို ချီးကျူးဂုဏ်ပြုပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါအောက်မှာ နေထိုင်သွားလာလှုပ်ရှားရတာဖြစ်လို့ အားလုံးက ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနဲ့ အညီ လိုက်နာဆောင်ရွက်ပြီး ကျန်းမာအောင် နေထိုင်သွားလာ လှုပ်ရှားကြပါလို့ တိုက်တွန်းပါတယ်ဟုပြော ကြားသည်။

 

ဆက်လက်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ၊ ပြည် ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ကျွန်တော်တို့ အစိုးရနဲ့ NCA-S EAO တို့ရဲ့ ဆဋ္ဌမအကြိမ် အလုပ်အဖွဲ့ညှိနှိုင်း အစည်းအဝေးကျင်းပခဲ့တာ ဒီနေ့က နောက်ဆုံးနေ့ဖြစ်ပါတယ်။ JICM အစည်းအဝေး ဆုံးဖြတ်ချက်တွေနဲ့အညီ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း-၃ မှာ ရလဒ်ကောင်းတွေ ရရှိဖို့ မူဘောင်သဘောတူညီချက်တွေ၊ ၂၀၂ဝ အလွန် ရှေ့လုပ်ငန်းစဉ် အကောင်အထည်ဖော်မှု ကိစ္စတွေ၊ အခြေခံမူ ရရှိရေးတွေကို ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။

 

ဖက်ဒရယ်စနစ်ရဲ့ အဓိက အခြေခံဖြစ်တဲ့ သဘောတူညီမှုတွေ၊ ဆွေးနွေးမှုတွေအပေါ်မှာ အခြေခံ တာဖြစ်ပါတယ်။ ညှိနှိုင်းမှုတွေဟာ များစွာအဓိကကျပါတယ်။ စေ့စပ်ညှိနှိုင်းမှုတွေ အလျော့အတင်း မရှိဘူးဆိုရင် ရှေ့ဆက်ဖို့ မရနိုင်ပါဘူး။ နှစ်ဖက်စလုံးက အဖြေရချင်တဲ့ဆန္ဒ၊ အဖြေထွက်ချင်တဲ့ ၊ ရလဒ်ကောင်းတွေ ရချင်တဲ့ ဆန္ဒနဲ့ ကြိုးစားခဲ့ကြပါတယ်။ အစည်းအဝေးအတွင်းမှာရော ၊ သီးခြားတွေ့ဆုံတဲ့ အချိန်တွေမှာရော ရလဒ်ကောင်းတွေ ထွက်ဖို့အတွက် နှစ်ဖက် အပြန်အလှန်လေး စားမှု၊ စိတ်ရှည်မှု၊ ရည်မှန်းချက်ရောက်ဖို့အတွက် တစ်ဖက်နဲ့ တစ်ဖက် ဆန္ဒတွေ လေးစားအလေး ထားပြီး ကြိုးစားခဲ့ကြပါတယ်။ တစ်ဖက်ခေါင်းဆောင်ပြောခဲ့သလိုပဲ ကျွန်တော်တို့ ရလဒ်ကောင်းတွေ လည်းရခဲ့ပါပြီ။ ကျွန်တော်တို့ နေပြည်တော်မှာ ဆက်လက်ပြီး ဆွေးနွေးကြမယ်။ ကျွန်တော် တို့ရဲ့ စတုတ္ထအကြိမ်- (၂၁) ရာစုပင်လုံညီလာခံမှာ တကယ့်အခြေခံ ဖက်ဒရယ်ကောင်း တွေရဖို့အတွက် ဆက်လက်ပြီးကြိုးစားကြပါမယ်ဟုပြောကြားခဲ့သည်။

 

အစည်းအဝေးအပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော် ဌေးနှင့် NCA-S EAO ကိုယ်စားလှယ် နိုင်အောင်မငေးတို့က ဆဋ္ဌမအကြိမ် အလုပ်အဖွဲ့ညှိနှိုင်း အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး မီဒီယာ များ၏ မေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့သည်။

 

အစိုးရ ကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ်များ (NCA -S EAO) ၏ သတ္တမ အကြိမ် အလုပ်အဖွဲ့ညှိနှိုင်း အစည်း အဝေးကို လာမည့် ဩဂုတ်လ ပထမပတ်တွင် နေပြည်တော်၌ ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။

Related Articles