အစိုးရနှင့်ကရင်နီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPP) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

အစိုးရနှင့်ကရင်နီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPP) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

Mon, 12/07/2020 - 17:49
Posted in:
0 comments

နေပြည်တော်၊ ဒီဇင်ဘာ ၇

အစိုးရနှင့် ကရင်နီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPP) တို့အကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးကို ဒီဇင်ဘာ ၇ ရက် ညနေ ၄ နာရီ အချိန်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ Video Conferencing ဖြင့် ပြလုပ်ခဲ့သည်။

အစည်းအဝေးသို့ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဉီး(ငြိမ်း)၊ ကယားပြည်နယ် လမ်းပမ်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်ဖြူ၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် ကယားပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်၊ ကရင်နီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPP) ဒုတိယဉက္ကဋ္ဌ ခူဦးရယ်၊ အတွင်းရေးမှူး(၁) ခူပလူးရယ်၊ ဗဟိုကော်မတီဝင် ခူထဲဗူး၊ ဖွံ့ဖြိုးရေး၊ လူမှုလုံခြုံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ(KNPP) ဒုတာဝန်ခံ(၂) ဦးထူးချစ်တို့ တက်ရောက်ကြသည်။

Video Conferencing ဖြင့် ကျင်းပသည့် အစည်းအဝေးတွင် တက်ရောက်ကြသူများမှ အပြန်အလှန် မိတ်ဆက်ကြပြီးနောက် ဆယ်တောရို ဘော်ဒါဆောင်ဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အပေါ် သဘောထားရယူ ညှိနှိုင်း ဆွေးနွေးကြကြောင်း သိရှိရသည်။

 

Related Articles