ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစု ပင်လုံနှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲကျင်းပ

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစု ပင်လုံနှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲကျင်းပ

Sat, 09/03/2016 - 11:38
Posted in:
0 comments

နေပြည်တော် စက်တင်ဘာ ၃

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံနှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ ကျင်းပသည်။

 

သတင်းစာ ရှင်းလင်းပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ ကျင်းပရေး ပူးတွဲ ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ဦးလှမောင်ရွှေ၊ ဦးဇော်ဌေး၊ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းနှင့် စိုင်းကျော်ညန့်တို့က ပြည်တွင်းပြည်ပ သတင်းမီဒီယာများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားခဲ့သည်။ ညီလာခံကျင်းပမှုကို တိုက်ရိုက်ထုတ်လွှင့်သည့် အတွက် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအဖွဲ့အသီးသီး၏ ရပ်တည်ချက်ကို နိုင်ငံ တကာနှင့် ပြည်သူအားလုံး ပွင့်လင်း မြင်သာစွာ သိရှိခွင့်ရခဲ့ကြောင်း၊ အနာဂတ်တွင် ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို သွားရန်၊ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးမှုဖြင့်သာအဖြေရှာရန် အားလုံးက သဘောတူခဲ့ကြောင်း၊ နှစ်ပေါင်း ၆၀ ကျော်အတွင်း တိုင်းရင်းသားများ၏ သဘောထား ရပ်တည်ချက် များကို ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ပြောကြားခွင့်ရခဲ့ကြောင်း တာဝန်ရှိသူများက ရှင်းလင်း ပြောကြားခဲ့သည်။

 

သတင်းစာရှင်းလင်းပွဲအပြီးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ ကျင်းပရေး ပူးတွဲကော်မတီ၏ တတိယအကြိမ် အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပြီး အစိုးရအစုအဖွဲ့မှ ၁၅ ဦး၊ EAO အစုအဖွဲ့ မှ ၁၅ ဦး၊ နိုင်ငံရေးပါတီအစုအဖွဲ့မှ ၁၃ ဦး တက်ရောက်ခဲ့ကြသည်။

 

 

 

 

 

Related Articles