BETA : Zawgyi | English

ငြိမ်းချမ်းရေးအထိမ်းအမှတ်ဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

ငြိမ်းချမ်းရေးအထိမ်းအမှတ်ဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

Mon, 05/22/2017 - 10:01
Posted in:
0 comments

နေပြည်တော် မေ ၂၁

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးကို ကြိုဆိုသောအားဖြင့် ကျင်းပမည့် ငြိမ်းချမ်းရေးအထိမ်း အမှတ်ဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အထူးတန်း ပွဲကြည့်စင်ရှိ အစည်းအဝေးခန်း၌ ကျင်းပရာ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ ဒုတိယဥက္ကဋ္ဌ ဦးဖြိုးဇေယျာသော်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်လွင်က ပြိုင်ပွဲဖြစ်မြောက်အောင် ဦးစီးဌာနအနေဖြင့် အဘက်ဘက်မှ အဆင်ပြေအောင် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌက ငြိမ်းချမ်းရေး အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ဖြစ်မြောက်အောင် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ အဆင်ပြေအောင် ကူညီပံ့ပိုးပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ ဦးဖြိုးဇေယျာသော်က အခမ်းအနားတွင် ထည့်သွင်းပြုလုပ်မည့် စတုဒိသာကျွေးမွေးရေး၊ ဂီတအနုပညာရှင်များ၏ ဖျော်ဖြေရေးနှင့် လက်ရွေးစင်ဘောလုံးအားကစားသမားဟောင်းများ၊ ဂီတအနုပညာရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ယှဉ်ပြိုင်ကစားကြမည့် ဘောလုံးပွဲစဉ်များ စနစ်တကျဖြစ်အောင် စီစဉ်ထားရှိမှုများနှင့် အဆိုပါပွဲသို့ မိဘပြည်သူများ အဆင်ပြေချောမွေ့စွာ လာရောက်ကြည့်ရှုအားပေးနိုင်ရေးတို့အား ရှင်းလင်းတင်ပြဆွေးနွေးရာ တက်ရောက်လာကြသော သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ငြိမ်းချမ်းရေးအထိမ်းအမှတ် ဘောလုံးပြိုင်ပွဲနှင့် တေးဂီတဖျော်ဖြေရေး အစီအစဉ်များကို မေ ၂၄ ရက် ညနေ ၃ နာရီမှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

(သတင်းစဉ်)

Related Articles