ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) တက်ရောက်ရန် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နေပြည်တော်သို့ ရောက်ရှိ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) တက်ရောက်ရန် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နေပြည်တော်သို့ ရောက်ရှိ

Wed, 05/24/2017 - 09:43
Posted in:
0 comments

နေပြည်တော် မေ ၂၃

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) တက်ရောက်ရန် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိကြသည်။

အဆိုပါ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ UWSA ၊ KIO ၊ AA ၊ TNLA ၊ MNDAA ၊ SSPP တို့သည် တရုတ်နိုင်ငံ ကူမင်းမြို့မှလည်းကောင်း၊ NDAA အဖွဲ့သည် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် လည်းကောင်း နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြရာ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ အကြံပေး အဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) သို့ 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)မှ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူရိနှင့် အဖွဲ့ဝင် ခုနစ်ဦး၊ ကချင်လွတ်မြောက် ရေးအဖွဲ့(KIO)မှ ဒုတိယဥက္ကဋ္ဌ ဦးအင်ဘန်လနှင့် အဖွဲ့ဝင် ခြောက်ဦး၊ AA အဖွဲ့မှ ဒေါက်တာညိုထွန်းအောင်နှင့် အဖွဲ့ဝင် နှစ်ဦး၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)မှ တာဂျုတ်ဂျားနှင့် အဖွဲ့ဝင် သုံးဦး၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)မှ ရန်ဝမ်ဂျောင်နှင့် အဖွဲ့ဝင် သုံးဦး ၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)မှ စိုင်းဘထွန်းနှင့် အဖွဲ့ဝင် လေးဦး၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ဦးဆန်လူနှင့် အဖွဲ့ဝင် ၁၄ ဦးတို့ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

Related Articles