လုံခြုံရေးနှင့် နိုင်ငံရေးအပါအဝင် ကဏ္ဍငါးခုတွင် တစ်သမတ်တည်းဖြစ်စေ ရန် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ သီးခြားဆွေးနွေး

လုံခြုံရေးနှင့် နိုင်ငံရေးအပါအဝင် ကဏ္ဍငါးခုတွင် တစ်သမတ်တည်းဖြစ်စေ ရန် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ သီးခြားဆွေးနွေး

Sat, 05/27/2017 - 07:50
Posted in:
0 comments

နေပြည်တော် မေ ၂၆
ပည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး)သို့ အတည်ပြုရန်တင်သွင်းမည့် နိုင်ငံရေး ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ၊ လုံခြုံရေးကဏ္ဍ ငါးခုနှင့်စပ်လျဉ်း၍ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း ရှစ်¸မှ ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)က Horizon Lake View ဟိုတယ်၌ ယနေ့ မွန်းလွဲပိုင်းတွင် သီးခြားဆွေးနွေးခဲ့သည်။
အဆိုပါ သီးခြားဆွေးနွေးမှုသည် ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် ဆက်လက်ဆွေးနွေးရာ၌ တစ်စုတစ်စည်း တည်းဖြစ်ရန်ရည်ရွယ်သည်ဟု ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။
“အခုက ကဏ္ဍငါးခုအတွက် ပြန် ဆွေးနွေးတာ။ မနက်ဖြန် ပြည်ထောင်စု
ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှာ ပြန်ဆွေးနွေးမယ်။ ကဏ္ဍအလိုက်ဆွေးနွေးပြီးပြီမို့ အစု အဖွဲ့လိုက်ပြန်ဆွေးနွေး တာပါ။(UPDJC) အစည်းအဝေးကြရင် ကျွန်တော်တို့ရဲ့ သဘောထားကို တစ်စုတစ်စည်း တည်း ပြန်ပြောနိုင်အောင်ပါ”ဟု ပြောသည်။
ကဏ္ဍနှစ်ရပ်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) သို့ တင်သွင်းအတည်ပြုမည့် ကဏ္ဍငါးရပ် အနက် နိုင်ငံရေးကဏ္ဍနှင့် လုံခြုံရေး ကဏ္ဍတို့သည် ဆွေးနွေးမှုပြင်းထန်သော ကဏ္ဍနှစ်ရပ်ဖြစ် သည်။ “နိုင်ငံရေးကဏ္ဍမှာလောလောဆယ် တော့ စကားလုံးအထားအသို ဆွေးနွေး နေပါတယ်။ ပြည်ထောင်စု ရဲ့ ယူနစ်တွေ ကို ဘယ်လိုခေါ်ဝေါ်မယ်ဆိုတာ ဆွေးနွေး နေဆဲပါ။ ဖက်ဒရယ်ပြည်ထောင်စုကိစ္စ ကတော့ ဆွေးနွေး လို့မပြတ်သေးလို့ ပါ” ဟု ခွန်မြင့်ထွန်းက ပြောသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး)သို့ တင်သွင်းအတည်ပြုမည့် နိုင်ငံရေး ကဏ္ဍတွင် အချုပ်အခြာအာဏာ၊ အချုပ် အခြာအာဏာကျင့်သုံးမှု တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ်ပြည် ထောင်စုမူ (ဖွဲ့စည်းမှုနှင့် အာဏာခွဲဝေ မှု)၊ ပါတီစုံဒီမိုကရေစီစနစ်ခေါင်းစဉ်ခွဲ ခြောက်ခုနှင့် အချက်ပေါင်း ၂၁ ချက် ပါရှိသည်။
“လုံခြုံရေးကဏ္ဍက အဖြေထွက်တာ မထွက်တာထက် အခုလိုလက်ခံဆွေးနွေး နေတာကောင်းပါတယ်။ အချိန်နည်းနည်း ယူရမယ်။ ဒါပေမယ့် အဖြေထွက်အောင် ဆွေးနွေးရပါမယ်”ဟုပြောသည်။
စာတမ်းတင်သွင်းထား
လုံခြုံရေးကဏ္ဍတွင် “တစ်ခုတည်း သော တပ်မတော်ထားရှိရေး မူဝါဒ”ကို ဆွေးနွေးလျက်ရှိပြီး နိုင်ငံတော်ကာ ကွယ်ရေးဆိုင်ရာကိစ္စရပ်များအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့မှ စာတမ်းတစ်စောင်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက စာတမ်းတစ်စောင်၊ နိုင်ငံရေးပါတီအစု အဖွဲ့မှ စာတမ်း တစ်စောင် တင်သွင်းထားသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းရှစ်ဖွဲ့မှာ KNU (ကရင်အမျိုးသားအစည်းအရုံး)၊ KNU၊ KNLA(P.C)ကရင် အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်း ရေးကောင်စီ)၊ DKBA (ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်)၊ CNF (ချင်းအမျိုးသားတပ်ဦး)၊ PNLO (ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်)၊ ABSDF (မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက် တပ်ဦး)၊ RCSS (ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ)၊ ALP (ရခိုင် ပြည်လွတ်မြောက်ရေးပါတီ)တို့ ဖြစ်ကြ သည်။
သီးခြားစီ ဆွေးနွေးခဲ့
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) သို့ တင်သွင်းအတည်ပြုမည့် နိုင်ငံရေး ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ၊ လုံခြုံရေးကဏ္ဍငါးခုမှ အချက် ၄၁ ချက် ကိုအစိုးရနှင့်လွှတ်တော်အစုအဖွဲ့၊ တပ် မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများအစုအဖွဲ့၊ နိုင်ငံရေး ပါတီများအစုအဖွဲ့တို့က ညီလာခံတတိယ နေ့တွင် အစုအဖွဲ့အလိုက် သီးခြားစီ ဆွေးနွေးခဲ့ကြသည်။
သတင်း-ရဲခေါင်ညွန့်၊ ဓာတ်ပုံ-ကျော်ဇေယျ

Related Articles