BETA : Zawgyi | English

UNFC အဆိုပြုထားသည့်အချက်များအနက် သဘောတူရန်ကျန်ရှိနေသည့်အချက်များကို ဆွေးနွေးရာ ရလဒ်ကောင်းများ ထွက်ပေါ်၊ နှစ်ဖက် ခေါင်းဆောင်များထံ တင်ပြပြီး ဆက်လက်ဆွေးနွေးမည်

UNFC အဆိုပြုထားသည့်အချက်များအနက် သဘောတူရန်ကျန်ရှိနေသည့်အချက်များကို ဆွေးနွေးရာ ရလဒ်ကောင်းများ ထွက်ပေါ်၊ နှစ်ဖက် ခေါင်းဆောင်များထံ တင်ပြပြီး ဆက်လက်ဆွေးနွေးမည်

Thu, 11/09/2017 - 10:30
Posted in:
0 comments

ရန်ကုန် နိုဝင်ဘာ ၉

ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့၏ သတ္တမအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ရန်ကုန်ရုံး၌ ဆက်လက်ကျင်းပသည်။



အဆိုပါ အစည်းအဝေးကို နိုဝင်ဘာ ၈ ရက်မှ ၉ ရက်အထိကျင်းပရာတွင် ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးစု ဖက်ဒရယ်ကောင်စီ (UNFC)က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)တို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးအတွက်အစိုးရထံသို့ အဆိုပြုထားသည့် အချက်ကိုးချက်အနက် သဘောတူရန်ကျန်ရှိနေသည့် အချက်များနှင့် ပတ်သက်၍ နှစ်ဖက်ခေါင်းဆောင်များက ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးရာတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ တပ်နေရာချထားမှုများ၊ ကြားကာလ ဆောင်ရွက်ချက်ကိစ္စများ၊ နိုင်ငံခြားသား ပါဝင်မှုအခန်းကဏ္ဍကိစ္စများနှင့် ပတ်သက်သည့် JMC လုပ်ငန်း ကိစ္စများ၊ NCAလက်မှတ်ရေးထိုးနိုင်ရေး ကိစ္စများနှင့် အထွေထွေကိစ္စရပ်များကို ခေါင်းစဉ်အလိုက် ဆွေးနွေးကြရာရလဒ်ကောင်းများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

Related Articles