BETA : Zawgyi | English

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ခြင်း စားပွဲဝိုင်းဆွေးနွေးပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ခြင်း စားပွဲဝိုင်းဆွေးနွေးပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

Fri, 12/01/2017 - 14:46
Posted in:
0 comments

အစည်းအဝေးတွင် တက်ရောက်လာကြသူများက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ ဒုတိယ အစည်းအဝေးကာလအတွင်း နိုင်ငံရေးကဏ္ဍမှ ဆက်လက် ဆွေးနွေးရန် ကျန်ရှိနေသေးသည့် မူဝါဒအဆိုပြုချက်များ အပေါ် ခေါင်းစဉ်အလိုက် ဆွေးနွေးကြသည်။

 

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီအတွင်းရေးမှူး ဦးခင်ဇော်ဦးက ယခုဆွေးနွေးချက် များအပေါ် အစုအဖွဲ့များအလိုက် ပြန်လည်ဆွေးနွေးပြီး နောက်တစ်ကြိမ် အစည်းအဝေးတွင် အစုအဖွဲ့ကိုယ်စားပြု သဘောထားများအား ပြန်လည်တင်ပြနိုင်ရေး ဆောင်ရွက်ခဲ့ ကြရန်လိုအပ်ပါကြောင်း နိဂုံးချုပ် ပြောကြားသည်။

 

ယခုကျင်းပသည့် စားပွဲဝိုင်းဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ ကြ သည့် ခေါင်းစဉ်များနှင့် အကြောင်းအရာများကို သက်ဆိုင်ရာ အစုအဖွဲ့များအတွင်း ပြန်လည်ဆွေးနွေးပြီး နောက်တစ်ကြိမ် စားပွဲဝိုင်းဆွေးနွေးပွဲတစ်ရပ် ကျင်းပသွားမည် ဖြစ်သည်။

 

စားပွဲဝိုင်း ဆွေးနွေးပွဲသို့ အစိုးရအစုအဖွဲ့မှ ဦးခင်ဇော်ဦး၊ ဦးဇော်ဌေး၊ ဦးကျော်ကျော်ဟန်၊ ဦးဗရတ်ဆင်း၊ ဦးနိုင်ဆွေဦး၊ ဦးသက်နိုင်ဦး၊ ဒေါက်တာ ဝါဝါမောင်၊ ဦးအောင်လွင်ဦး၊ ဒေါက်တာ ဒေါ်သီတာထွန်း၊ ရဲမှူးကြီး ခင်ဇော်၊ ဒုတိယ ရဲမှူးကြီး အေးနိုင်၊ ဒေါက်တာ သပြေညို၊ ဦးမင်းသိမ်း၊ ဦးလှမောင်ရွှေ၊ ဒေါက်တာ ဒေါ်စန်းစန်းအေး၊ ဦးဇော်ဝင်း၊ ဒေါက်တာဆန်းဦး၊ ဦးမျိုးမင်းစိုး၊ တပ်မတော်အစုအဖွဲ့မှ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဗိုလ်ချုပ် ဆန်းမြင့်၊ ဗိုလ်ချုပ် တင်မောင်ဝင်း၊ ဗိုလ်ချုပ် နေလင်း၊ ဗိုလ်မှူးချုပ် စိန်ထွန်းလှ၊ ဗိုလ်မှူးချုပ် ဝင်းမိုး၊ ဗိုလ်မှူးချုပ်မြင့်မောင်ဦး၊ ဗိုလ်မှူးချုပ်နေဝင်းအောင်၊ ဗိုလ်မှူး ကြီး ကျော်ကျော်ဦး၊ ဗိုလ်မှူးကြီး ကျော်စိုးဦး၊ ဗိုလ်မှူးကြီး ကျော်စိုးဝင်း၊ ဗိုလ်မှူးကြီးအောင်ခင်သိန်း၊ ဗိုလ်မှူးကြီးစန်းလွင်၊ ဗိုလ်မှူးကြီး ထွန်းအေး၊ ဗိုလ်မှူးကြီး ကျော်ဝင်းဇင်၊ ဒုတိယ ဗိုလ်မှူးကြီးထွန်းထွန်းဝင်း၊ ဦးစောဗိုလ်နီ၊ လွှတ်တော်အစုအဖွဲ့ မှ ဦးအောင်စိုး၊ နော်ခရစ္စထွန်း၊ ဦးစိုးဝင်း၊ ဦးလွင်ကိုလတ်၊ ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချို၊ ဒေါ်မိကွန်ချမ်း၊ ဒေါ်နန်းထွေး သူ၊ ဒေါ်နီရွှေလျန်း၊ ဦးမင်းဦး၊ ပါဝင်သင့်ပါဝင်ထိုက်သူများ အစုအဖွဲ့မှ ဦးကျော်ဝင်း၊ ဦးဇေယျာသူ၊ ဦးသန်းအေး၊ ဦးသန်းအောင်၊ ဦးမြင့်သိန်း၊ ပါမောက္ခ ဒေါက်တာမောင်မောင် အေး၊ ဦးမင်းဇော်ဦး၊ ဦးကိုကိုလှိုင်၊ ဦးအောင်နိုင်ဦး၊ ငွန်ကျုံးလျန်၊ မစုမွန်သဇင်အောင်နှင့် တိုင်းရင်းသားအစုအဖွဲ့မှ ကိုယ်စား လှယ်များဖြစ်သည့် ဦးလှဘော်အောင်၊ ဦးထုံဖူးဒဂုဏ်၊ ဦးစထွန်းအောင်၊ ဦးနိုင်စိုးသိန်း၊ ဦးသန်းမြင့်၊ ဦးနိုင်မောင်မြင့်၊ မန်းထောင်စိန်၊ ဦးကျော်မြင့်၊ ဦးဘောမ်လန်း၊ စိုင်းအောင်သာ၊ စိုင်းထွန်းရင်၊ စိုင်းကျော်ခိုင်၊ စိုင်းအောင်တင်၊ ဦးခီးရယ်၊ ဦးစောဘမိုး၊ ဦးစောကျော်မိုးတို့ တက်ရောက်ကြသည်။

 

 

 

Related Articles