NRPC စာစောင် ထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး နေပြည်တော်

NRPC စာစောင် ထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး နေပြည်တော်

Wed, 12/06/2017 - 10:21
Posted in:
0 comments

ဒီဇင်ဘာ ၄ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် စပ်လျဉ်း၍ နိုင်ငံတော်၏မူဝါဒများ၊ ဆောင်ရွက်ချက်များအား အများပြည်သူ သိရှိနိုင်ရေးအတွက် NRဏဃ စာစောင်ထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန အတွင်းရေးမှူး နိုင်ငံတော်အတိုင်ပင် ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က စာစောင်ထုတ်ဝေရေးအတွက် လိုအပ်သည့် ကော်မတီကို ဖွဲ့စည်းဆောင်ရွက် သွားရေး၊ မူဝါဒများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြရေးတို့နှင့်စပ်လျဉ်း၍ ပြောကြားသည်။ ထို့နောက် စာစောင်ထုတ်ဝေရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက စာစောင်တွင်ဖော်ပြမည့် မူဝါဒများ၊ ပါဝင်မည့် အကြောင်းအရာများ၊ ထုတ်ဝေမည့် ကာလသတ်မှတ်ရေး စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြသည်။ အစည်းအဝေးသို့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ သည်။

Related Articles