အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးဥက္ကဋ္ဌ ကြာခွန်ဆာ ဦးဆောင်သော ကိုယ်စားလှယ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးဥက္ကဋ္ဌ ကြာခွန်ဆာ ဦးဆောင်သော ကိုယ်စားလှယ

Wed, 01/24/2018 - 12:17
Posted in:
0 comments


နေပြည်တော် ဇန်နဝါရီ ၂၃
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ထောမွန် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁နာရီတွင် လည်းကောင်း၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)ဥက္ကဋ္ဌ ကြာခွန်ဆာ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား နံနက် ၁၁နာရီခွဲ တွင်လည်းကောင်း နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ သီးခြားစီ လက်ခံတွေ့ ဆုံသည်။
တွေ့ဆုံပွဲများအပြီးတွင် သတင်းထုတ်ပြန်ချက် ထုတ်ပြန်သည့် အခမ်းအနားကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနရှိ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။
ရှေးဦးစွာ မွန်ပြည်သစ်ပါတီ(NMSP) အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း က မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့၏ သတင်းထုတ်ပြန်ချက် ကို ဖတ်ကြားသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝမ်း မြောက်ကြောင်း ပြောကြားရာတွင် “ကျွန်မအနေနဲ့ ယနေ့ မွန်ပြည်သစ်ပါတီနဲ့ ကျွန်မ တို့ရဲ့လားဟူတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးကို ကြိုဆိုနိုင်တဲ့အတွက် အင်မတန်မှဝမ်းသာပါတယ်။ ကျွန်မတို့ဟာ ငြိမ်းချမ်းရေးရဖို့အတွက်ဆိုရင် တစ်ဆင့်ပြီး တစ်ဆင့်သွားရပါတယ်။ အဆင့်တိုင်းအဆင့်တိုင်းဟာ ကျွန်မတို့အတွက် အင်မတန်မှ တန်ဖိုးရှိပါတယ်။
ဒီလိုကျွန်မတို့ရဲ့ ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးအတွက်၊ ပြည်ထောင်စုတွင်းမှာ ငြိမ်းချမ်းမှုရရှိရေးအတွက် ငြိမ်းချမ်းမှုကိုအခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် ကူညီပေးတဲ့ ကျွန်မတို့ရဲ့တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ မွန်တိုင်းရင်းသားများ၊ လားဟူတိုင်းရင်းသားများကို အင်မတန်မှ ကျေးဇူးတင်ပါတယ်။
ဒါဟာ ကျွန်မတို့အတွက်တင် လုပ်နေတာမဟုတ်ပါဘူး ကျွန်မတို့ရဲ့ နောင်လာ နောက်သားများအားလုံးအတွက် လှမ်းနေတဲ့ခြေလှမ်းတွေလို့ ယုံကြည်ပါတယ်။ ဒါ ကြောင့် အခုကျွန်မတို့နဲ့အတူ ပြည်ထောင်စုသားအားလုံးကလည်း ဝမ်းမြောက်လိမ့်မယ်၊ ဂုဏ်ယူလိမ့်မယ်၊ ကျွန်မတို့ရဲ့ နိုင်ငံအတွက် ကူညီပံ့ပိုးမှုကို ကျေးဇူးတင်ကြလိမ့်မယ် ဆိုတာ ယုံ ကြည်ပါတယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်”ဟုပြောကြားသည်။
၎င်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်သည်တော်များ သည် မွန်ပြည်သစ်ပါတီ(NMSP)ဥက္ကဋ္ဌ နိုင်ထောမွန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ လားဟူဒီမိုကရက်တစ်အစီအရုံး(LDU)ဥက္ကဋ္ဌ ကြာခွန်ဆာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင် နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး မွန်ပြည်သစ်ပါတီမှဥက္ကဋ္ဌ နိုင်ထောမွန်နှင့်အတူ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း၊ စစ်ဦးစီးချုပ် နိုင်လယီကကောင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ဝင်းလှနှင့် နိုင်ဗညားလယ်၊ ဗဟိုကော်မတီအဖွဲ့ဝင် နိုင်အောင်မငေး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံးမှဥက္ကဋ္ဌ ကြာခွန်ဆာနှင့်အတူ ဒုတိယဥက္ကဋ္ဌ ကြာဆော်လမွန်နှင့် အဖွဲ့ဝင် ကြာရှဲဘို တို့ တက်ရောက်ကြသည်။

Related Articles