ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံ တတိအစည်းအဝေး အကြိုပြင်ဆင်နိုင်ရေး အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့တို့၏ ကဏ္ဍအလိုက်ဆွေးနွေးပွဲများ ဆက်လက် ကျင်းပ

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံ တတိအစည်းအဝေး အကြိုပြင်ဆင်နိုင်ရေး အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့တို့၏ ကဏ္ဍအလိုက်ဆွေးနွေးပွဲများ ဆက်လက် ကျင်းပ

Wed, 06/20/2018 - 10:14
Posted in:
0 comments

နေပြည်တော် ဇွန် ၂၀

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ တတိယအစည်းအဝေး အကြိုပြင်ဆင်နိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့တို့၏ ဆွေးနွေးပွဲ ကဏ္ဍအလိုက်ဆွေးနွေးပွဲများကို ယနေ့နံနက် ၁ဝ နာရီ တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန သတ်မှတ်နေရာ အသီးသီးတွင် ဆက်လက်ကျင်းပသည်။

ဆွေးနွေးများပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီအတွင်းရေးမှူးများ ဖြစ်ကြသည့် ဦးခင်ဇော်ဦး၊ ဦးလှမောင်ရွေွှ၊ ဦးဇော်ဌေး၊ ဦးအောင်စိုးနှင့် ပူးတွဲကော်မတီဝင်များ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲတို့မှ ကိုယ်စားလှယ်များ၊ အစိုးရအစုအဖွဲ့မှ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ နှင့်အကျိုးဆောင်များ တက်ရောက်ကြသည်။

နိုင်ငံရေးကဏ္ဍ ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီအတွင်းရေးမှူး ဦးခင်ဇော်ဦးကလည်းကောင်း၊ စီးပွားရေးကဏ္ဍဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေ ကလည်းကောင်း၊ လူမှုရေးကဏ္ဍဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး ဦးဇော်ဌေးကလည်းကောင်း၊ လုံခြုံရေးကဏ္ဍဆွေးနွေးပွဲ တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီဝင် ဗိုလ်မှူးချုပ် စိန်ထွန်းလှက လည်းကောင်း၊ မြေယာ/ သဘာဝပတ်ဝန်းကျင်ကဏ္ဍ ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး ဦးအောင်စိုးက လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး အစိုးရ ၊ လွှတ်တော်၊ တပ်မတော် ကိုယ်စားလှယ်များ၊ အစိုးရအစုအဖွဲ့မှ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် အကျိုးဆောင်များ တက်ရောက်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ အစိုးရအစုအဖွဲ့မှပါဝင်သင့်ပါဝင်ထိုက်သူ ဦးတင်ထွဋ်ဦး က “ကျွန်တော်တို့ စီးပွားရေးအစု အဖွဲ့အနေနဲ့ကတော့ အားလုံး သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ သဘောထားတွေနဲ့ မူဝါဒတစ်ခုပေါ်လွင်အောင် ဆွေးနွေးနေခြင်းဖြစ်ပါတယ်။ စီးပွားရေးကတော့ နောင်ဖြစ်ပေါ်လာမယ့် ဖက်ဒရယ် ပြည်ထောင်စုအတွက် အလွန်ပဲ အရေးကြီးပါတယ်။ စီးပွားရေး နဲ့ပတ်သက်လို့ ကျွန်တော်တို့ လာမယ့် ညီလာခံ မှာ တင်ရမယ့် အခြေခံရမယ့် မူဝါဒတွေကို ဒီနေ့ညှိနှိုင်းဆွေးနွေးတာကတော့ တော်တော် လေးကို တိုးတက်မှု အားရစရာတွေ ရှိပါတယ်။ အားလုံးကလည်း တကယ် ခိုင်မာတဲ့ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာဖို့ ခိုင်မာသော စီးပွားရေး ဈေးကွက် စီးပွားရေးစနစ် တစ်ခု ဖြစ်ပေါ်ရမယ်ဆိုတာကို အားလုံးကလည်း ယုံကြည်ပါတယ်။ ဒီလို စီးပွားရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါ သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး တွေမှာရှိတဲ့ ဒေသခံပြည်သူများ၊ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မယ့် Inclusive and Sustainable development တွေရဖို့ အားလုံးက ရည်ညွှန်းပြီး တော့ ဆွေးနွေးပါတယ်။ ပုဂ္ဂလိကကဏ္ဍအနေနဲ့ စီးပွားရေးတွေကို ပါဝင်ဆောင်ရွက်တဲ့ အခါမှာ တာဝန်သိသော၊ တာဝန်ယူသော၊ ပွင့်လင်းမြင်သာသော စီးပွားရေးလုပ်ငန်းတွေ ဖြစ်ရမယ်ဆိုတာကိုလည်း အားလုံးကမြင်ကြပါတယ်။ ဒါကြောင့် ပါဝင်တဲ့အဖွဲ့အစည်းအသီးသီးရဲ့ သဘောဆန္ဒတွေ ကတော့ စီးပွားရေးမူဝါဒနဲ့ ပတ်သက်လို့ တစ်ထပ်တည်းကျတယ်လို့ ကျွန်တော် သုံးသပ်ရရှိပါတယ်” ဟု ပြော သည်။

ယနေ့ ဆွေးနွေးပွဲများတွင် ယခင်စုစည်းချက်များ၊ ယခင်သဘောတူညီချက်များ၊ မွန်ပြည်သစ်စာတမ်း CSO Fourm စာတမ်းနှင့် မူဝါဒအဆိုပြုချက်များ ဖော်ထုတ်ခြင်းတို့ ကို ဆွေးနွေးကြသည်။

အဆိုပါ ကဏ္ဍအလိုက် ဆွေးနွေးပွဲများကို ဇွန် ၂၁ ရက်တွင်ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Related Articles