ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးများ ကျင်းပပြီးစီး

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးများ ကျင်းပပြီးစီး

Sat, 05/13/2017 - 12:42
Posted in:
0 comments

 

နေပြည်တော် မေ ၁၃

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ဦးခင်ဇော်ဦး၊ ဦးလှမောင်ရွှေ၊ မင်းကျော်ဇေယျာဦး၊ ဦးဇော်ဌေး၊ ဦးနိုင်ငံလင်း၊ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဦးမျိုးဝင်း၊ တာလှဖေ၊ ဦးအောင်စိုးနှင့် ခွန်မြင့်ထွန်း တို့ တက် ရောက်ကြပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ ဒုတိယအကြိမ် အစည်း အဝေး ကျင်းပရေးနှင့် ညီလာခံသို့ တင်သွင်းမည့် အကြောင်းအရာများကို ညှိနှိုင်းဆွေးနွေးကြ သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - (၂၁ ရာစုပင်လုံ)ကို မေ ၂၄ ရက်မှ ၂၈ ရက်အထိ (၅) ရက်ကြာ ကျင်းပသွားမည် ဖြစ်ပြီး အစည်းအဝေး ကျင်းပရာတွင် ကဏ္ဍအလိုက် ဆွေးနွေးပွဲ များ၊ အစုအဖွဲ့ အလိုက် ဆွေးနွေးပွဲများနှင့် ညီလာခံ အတည်ပြုခြင်း လုပ်ငန်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - သူရဇော်(သတင်းစဉ်)
ဓာတ်ပုံ - အေးသန်း(သတင်းစဉ်)

Related Articles