ရှမ်းပြည်နယ်ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှ ရရှိလာသည့်အဆိုပြုချက်နှင့် အကြံပြု ချက်များ ကိုပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံတွင် ဆွေးနွေးဆုံး ဖြတ်မှုများပြု လုပ်နိုင်ရန် တင်ပြသွားမည်

ရှမ်းပြည်နယ်ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှ ရရှိလာသည့်အဆိုပြုချက်နှင့် အကြံပြု ချက်များ ကိုပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံတွင် ဆွေးနွေးဆုံး ဖြတ်မှုများပြု လုပ်နိုင်ရန် တင်ပြသွားမည်

Thu, 04/27/2017 - 09:39
Posted in:
0 comments

တောင်ကြီး ဧပြီ ၂၅

ရှမ်းပြည်နယ်ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှ ရရှိလာသည့် အဆိုပြုချက်နှင့် အကြံပြုချက် များကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံတွင် ဆွေးနွေးဆုံးဖြတ်မှုများ ပြုလုပ်နိုင်ရန် သက်ဆိုင်ရာလုပ်ငန်းကော်မတီများက တင်ပြသွား ကြမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ယနေ့ကျင်းပသည့်ဆွေးနွေးပွဲ တတိယနေ့တွင် ပြောကြားသည်။

ဆွေးနွေးပွဲမှ ရရှိလာသည့် အဆိုပြုချက်နှင့် အကြံပြုချက် များအား ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ၏ နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီ၊ စီးပွားရေး ကိစ္စရပ်များဆွေးနွေးမှု လုပ်ငန်းကော်မတီနှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ ဆွေးနွေးမှု လုပ်ငန်းကော် မတီများသို့ တင်သွင်းကာ လုပ်ငန်းကော်မတီများ က ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)မှ တစ်ဆင့် (၂၁)ရာစုပင်လုံညီလာခံတွင် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် တင်ပြသွားကြ မည်ဖြစ် ကြောင်း ပြည်နယ် ဝန်ကြီးချုပ်က ပြောကြားသည်။

“အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေဟာ အခု တစ်ကြိမ်တည်းနဲ့ ပြီးသွားမှာမဟုတ်ဘဲ ဆက်လက်ပြုလုပ် ဆောင်ရွက်သွားမယ့်လုပ်ငန်းစဉ်တွေ ဖြစ်တာကြောင့် နောင် ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာလည်း ပြည့်ပြည့်စုံစုံ တင်ပြဆွေးနွေးနိုင်ဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြဖို့ အကြံပြုလိုပါတယ်” ဟု ၎င်းကဆိုသည်။

ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခဲ့သည့် သုံးရက်တာကာလအတွင်း နိုင်ငံရေးပါတီနှင့် နိုင်ငံရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ တိုင်း/ဒေသမှ ကိုယ်စားလှယ်များ၊ ခရိုင်အသီးသီးမှ ကိုယ်စားလှယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက စုစုပေါင်း စာတမ်းပေါင်း ၅၇ စောင်ကို ဖတ်ကြားဆွေးနွေးခဲ့ကြသည်။ တင်သွင်းဆွေးနွေးခဲ့သည့် စာတမ်းများကို သတ်မှတ် မူဘောင်များ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီစိစစ်စုစည်း ပေါင်းစပ်ပြီး စာတမ်းပြုစုရေး ကော်မတီများမှ ပြည်နယ်အဆင့် နိုင်ငံရေးဆိုင်ရာ စာတမ်းတစ်စောင်၊ စီးပွားရေးဆိုင်ရာ စာတမ်း တစ်စောင်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာတမ်း တစ်စောင် စုစုပေါင်း အနှစ်ချုပ် စာတမ်းသုံးစောင်ကို ဖတ်ကြားခဲ့ ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

ယနေ့ဆွေးနွေးပွဲတွင် သက်ဆိုင်ရာကဏ္ဍအလိုက် စာတမ်း များ ဖတ်ကြားကြပြီး ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် စီးပွားရေး ပညာရှင် ဒေါက်တာအောင်ထွန်းသက်က Business for Peace နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ပြည်နယ်ဝန်ကြီး ချုပ်က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌအား စာတမ်းများပေးအပ်သည်။ အဆိုပါ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝ ရရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု ကို နိုင်ငံရေးဆွေးနွေး ပွဲရလဒ် များနှင့်အညီ တည်ဆောက်သွား နိုင်ရန်အတွက် တိုင်းရင်းသားများ၏ လိုလားချက်များနှင့် သဘောထား ဆန္ဒများကိုအခြေခံပြီး ပါဝင်သင့်သူအားလုံး ပါဝင် သည့် လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်း အရာအလိုက် ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ အမြင်သဘော ထားများကိုစုစည်းကာ (၂၁)ရာစုပင်လုံညီလာခံ သို့ တင်ပြသွားရန် ရည်ရွယ်ကျင်း ပခြင်းဖြစ်ကြောင်း သိရသည်။

မင်းထက်အောင် (မန်းကိုယ်ပွား)

Related Articles